အာရှနှင့် သမုဒ္ဒရာ ဒေသ

Years

    Tag selector

      Matsushita Electric Trading တည်ထောင်ခြင်း

      1935

      Matsushita Electric Trading တည်ထောင်ခြင်း

      လျှပ်စစ်ပစ္စည်းများထုတ်လုပ်သည့် ဂျပန်နိုင်ငံရှိ စက်ရုံများသည် နိုင်ငံရပ်ခြားကုန်သွယ်မှုအတွက် ကုန်သွယ်ရေး ကုမ္ပဏီများကို အဓိက မှီခိုနေရဆဲဖြစ်သည့် အချိန်ကာလတွင် ပို့ကုန်များ မြှင့်တင်ရန်နှင့် အရှေ့တောင်အာရှ တစ်လျှောက်တွင် ရောင်းချသည့်လမ်းကြောင်းများ ချဲ့ထွင်ရန် Matsushita Electric Trading ကို တည်ထောင်ပြီးဖြစ်သည်။ ၎င်းသည် အတူယှဉ်တွဲ ဖြစ်တည်ခြင်းနှင့် အပြန်အလှန် အကျိုးစီးပွားဖြစ်စေခြင်းဟူသော အတွေးအခေါ်ပေါ်တွင် အခြေခံပါသည်။Panasonic လုပ်ငန်း သမိုင်းမှတ်တမ်း

      Related Category
      National Thai ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ တည်ထောင်ခြင်း

      1961

      National Thai ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ တည်ထောင်ခြင်း

      National Thai ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ တည်ထောင်မှုနှင့်အတူ အဆိုပါနှစ်ကို ကုမ္ပဏီ၏ ပို့ကုန်လုပ်ငန်းများပြုလုပ်ခြင်း၊ ပြည်ပနိုင်ငံများအတွက် နည်းပညာ အကူအညီများ ပံ့ပိုးပေးခြင်းနှင့် ပြည်ပနိုင်ငံများတွင် စက်ရုံများ အင်တိုက်အားတိုက် တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်သည့်နှစ်အဖြစ် မှတ်ယူခဲ့သည်။ ဒေသတွင်း ဘက်ထရီခြောက်များ ထုတ်လုပ်ရေးလုပ်ငန်းကိုလည်း စတင်ခဲ့သည်။ အဆိုပါ ဆောင်ရွက်ချက်သည် "ကမ္ဘာလုံးဆိုင်ရာ အမြင်ရှုထောင့်မှနေ၍ စဉ်းစားတွေးခေါ်ပြီး သင် စွမ်းဆောင်နိုင်သည့် အတိုင်းအတာအတွင်း တစ်ကမ္ဘာလုံးနှင့် ဆက်လက် လက်တွဲလုပ်ဆောင်ရန်" ဟူသော ကုမ္ပဏီ၏ မူဝါဒနှင့် ညီညွတ်ခဲ့ပါသည်။

      Related Category
      Matsushita Electric Company (မလေးရှား) ကို တည်ထောင်ခြင်း

      1965

      Matsushita Electric Company (မလေးရှား) ကို တည်ထောင်ခြင်း

      မလေးရှား အစိုးရက ဘက်ထရီခြောက် တင်သွင်းမှုကို ကန့်သတ်ထားသောကြောင့် ဒေသခံ ကိုယ်စားလှယ်က Panasonic အား မလေးရှားနိုင်ငံ အခြေစိုက် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ရန် တောင်းဆိုခဲ့ပါသည်။ ထို့နောက် အဆိုပါနှစ်အတွင်းတွင် Matsushita Electric Company (မလေးရှား) ကို ဖက်စပ်ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။ 1966 ခုနှစ်တွင် ဖက်စပ်လုပ်ငန်းအတွက် ရှယ်ယာများကို ကွာလာလမ်ပူ ဈေးကွက်ရှိ အများပြည်သူထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါလုပ်ရပ်သည် ကုမ္ပဏီကို ပထမဆုံး အများပြည်သူပိုင် ကုမ္ပဏီခွဲတစ်ခုဖြစ်လာစေခဲ့ပြီး "မလေးရှားလူမျိုးများနှင့်သက်ဆိုင်သော ကုမ္ပဏီ" အဖြစ် လူထုကြားတွင် Panasonic ၏ နာမည်ဂုဏ်သတင်းကိုလည်း မြင့်တက်စေခဲ့ကာ ယနေ့အခါတွင် Panasonic Manufacturing Malaysia အဖြစ် လူသိများထင်ရှားလျက်ရှိသည်။

      Related Category
      Matsushita Electric (သြစတေးလျ) ကို တည်ထောင်ခြင်း

      1968

      Matsushita Electric (သြစတေးလျ) ကို တည်ထောင်ခြင်း

      သြစတြေးလျနိုင်ငံတွင် ဈေးကွက်ထဲသို့ အဓိက ဖြန့်ချိသည့် ထုတ်ကုန်များမှာ ဘက်ထရီခြောက်များ၊ ရေဒီယိုများနှင့် တိပ်ခွေအသံသွင်းစက်များ ဖြစ်သည်။ သို့သော် ဒေသခံလုပ်ငန်းများကို ကာကွယ်ပေးရန် တီဗွီများ ကဲ့သို့သော ထုတ်ကုန်များအပေါ်ကောက်ခံသည့် သွင်းကုန်အခွန်မြင့်မားခြင်းကြောင့် Matsushita Electric (သြစတေးလျ) ကို အစားထိုးသွင်းကုန်နှင့် ကုန်ထုတ်လုပ်မှုအတွက် အခြေစိုက် နေရာတစ်ခုအဖြစ် ချက်ချင်း တည်ထောင်ခဲ့သည်။

      Related Category
      Matsushita Electric (စင်ကာပူ) ကို တည်ထောင်ခြင်း

      1972

      Matsushita Electric (စင်ကာပူ) ကို တည်ထောင်ခြင်း

      1970 ခုနှစ်တွင် ဂျပန်ယန်းငွေသည် ပုံသေနှုန်း (1 USD = 360 yen) မှ အချိန်အခါအလိုက် ပြောင်းလဲသည့်စနစ်သို့ ပြောင်းလဲသွားခဲ့သည့် ဂျပန်နိုင်ငံ ငွေကြေးတန်ဖိုးကို ခိုင်မာစေခဲ့သည်။ ဤအခြေအနေတွင် Panasonic သည် ကွန်ပရက်ဆာများကို တင်ပို့ရန် အဓိကနေရာတစ်ခုအဖြစ် စင်္ကာပူ မတ်ဆုရှိတလျှပ်စစ်ပစ္စည်းလုပ်ငန်းကို တည်ထောင်ရန် ဂျပန်ယမ်း 2 ဘီလီယံ၊ (ထိုအချိန်တွင် မကြုံစဖူး ငွေပမာဏ) အမေရိကန်ဒေါ်လာအားဖြင့် 17 သန်းနီးပါး ကို ရင်းနှီးမြှုပ်နှံခဲ့သည်။

      Related Category
      တည်ထောင်သူ ကိုနိုဆူကီ မတ်ဆုရှိတက မလေးရှားနိုင်ငံတွင် ဆုလက်ခံရယူခြင်း

      1979

      တည်ထောင်သူ ကိုနိုဆူကီ မတ်ဆုရှိတက မလေးရှားနိုင်ငံတွင် ဆုလက်ခံရယူခြင်း

      1979 ခုနှစ်တွင် ကိုနိုဆူကီသည် မလေးရှားနိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်သော Pangrima Mank Negara ဆုနှင့် ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်၏ အိမ်တော်တွင် မလေးရှားအစိုးရက ချီးမြှင့်သော Tan Sri ဘွဲ့ကို လက်ခံရယူရန် မလေးရှားနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ 1965 ခုနှစ်တွင် မတ်ဆုရှိတ လျှပ်စစ်ကုမ္ပဏီ (မလေးရှား) ကို စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ မလေးရှားနိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက ပါဝင်ပံ့ပိုးပေးခဲ့သည်ကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် ဤဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

      Related Category
      Matsushita Electric Trading ကို ပေါင်းစည်းခြင်း

      1988

      Matsushita Electric Trading ကို ပေါင်းစည်းခြင်း

      1988 ခုနှစ်တွင် ပြည်ပလုပ်ငန်းများ ကြီးထွားလာမှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်လာမှုကြောင့် Panasonic နှင့် Matsushita Electric Trading ကို ပေါင်းစည်းခဲ့ပြီး ပေါင်းစည်းထားသော နိုင်ငံရပ်ခြား စီမံခန့်ခွဲမှုစနစ်ပေါ်တွင် အခြေခံ၍ လုပ်ငန်းကို စတင်လည်ပတ်လုပ်ဆောင်ခဲ့သည်။လုပ်ငန်း၏ သမိုင်းမှတ်တမ်း | Panasonic

      Related Category
      Matsushita Electric Asia ကို တည်ထောင်ခြင်း

      1989

      Matsushita Electric Asia ကို တည်ထောင်ခြင်း

      1989 ခုနှစ်တွင် အရှေ့တောင်အာရှအတွင်း ၎င်း၏ပြည်ပလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသတွင်း လုပ်ဆောင်ချက်များတွင် ပိုမိုအားဖြည့် ပံ့ပိုးကူညီနိုင်စေရန် Mashita Electric (စင်ကာပူ)ကို Mashita Electric Asia အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကုမ္ပဏီအသစ်သည် အာဆီယံနိုင်ငံများရှိ ပြည်ပကုမ္ပဏီများအတွက် အဓိက စီမံခန့်ခွဲမှု၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုင့် ဝန်ထမ်းလေ့ကျင့်သင်ကြားရေးတို့ကို ကြီးကြပ်ကွပ်ကဲခဲ့သည်။

      Related Category
      Panasonic ပညာတော်သင်ဆု ပေးအပ်ခြင်း

      1998

      Panasonic ပညာတော်သင်ဆု ပေးအပ်ခြင်း

      ကုမ္ပဏီသည် နှစ် 80 ပြည့် အထိမ်းအမှတ် စီမံကိန်းတစ်ခုအဖြစ် Panasonic ပညာတော်သင်ဆု ပေးအပ်သည့် စနစ်ကို စတင်ဖော်ဆောင်ခဲ့သည်။ နောက်ပိုင်း 2016 ခုနှစ် မတ်လတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ် ယင်းစနစ်ကို ရပ်တန့်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအခြေပြု မျိုးဆက်သစ် လေ့ကျင့်သင်ကြားမှုများကို ကူညီပံ့ပိုးပေးသည့်စနစ်တစ်ခုအဖြစ် အာရှနိုင်ငံများနှင့် ဒေသများရှိ တက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသားများအတွက် ငွေကြေးအကူအညီ ပံ့ပိုးပေးရန် Panasonic အာရှ ပညာတော်သင်ဆု စနစ်ကို စတင်လုပ်ဆောင်ခဲ့သည်။Panasonic အာရှပညာတော်သင်ဆု

      Related Category
      2000 ခုနှစ် ဆစ်ဒနီ အိုလံပစ် အားကစားပွဲတော်တွင် အဓိကပံ့ပိုးကူညီသူအဖြစ် ကူညီပံ့ပိုးပေးခြင်း

      2000

      2000 ခုနှစ် ဆစ်ဒနီ အိုလံပစ် အားကစားပွဲတော်တွင် အဓိကပံ့ပိုးကူညီသူအဖြစ် ကူညီပံ့ပိုးပေးခြင်း

      1996 ခုနှစ် အက်တလန်တာ အိုလံပစ် အားကစားပွဲတော်နှင့် 1998 ခုနှစ် နာဂါနို ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ပြီးနောက် ပြုလုပ်ကျင်းပသော 2000 ခုနှစ် ဆစ်ဒနီ အိုလံပစ် အားကစားပွဲတော်တွင် Panasonic သည် IBC (နိုင်ငံတကာ ရုပ်သံလွှင့်စင်တာ) ၏ ဖောင်ဒေးရှင်းအဖြစ် အပြည့်အဝ ဒစ်ဂျစ်တယ်နည်းဖြင့် ရုပ်သံထုတ်လွှင့်သော စနစ်ကို ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို စဉ်ဆက်မပြတ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ စနစ်သည်ပြီးမြောက်အောင်မြင်ရန် 2 နှစ် အချိန်ယူခဲ့ရပြီး ကြည်လင်ပြတ်သားသော ပုံရိပ်များမှတစ်ဆင့် တက်ကြွမာန်ပါသော အိုလံပစ်ပြိုင်ပွဲမြင်ကွင်းကို ကမ္ဘာတစ်ဝန်းလုံးသို့ ထုတ်လွှင့်ပေးခဲ့သည်။ အဓိက အားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့ပြီးသော အိုလံပစ်ပွဲစဉ်များနှင့် နှိုင်းယှဉ်ပါက အကြီးမားဆုံး အတိုင်းအတာဖြင့် ခံစားကြည့်ရှုနိုင်သော ကြီးမားသော တီဗီဖန်သားပြင် Astrovision နှစ်ခုကိုလည်း တပ်ဆင်ပေးခဲ့သည်။ ထို့အပြင် ဆစ်ဒနီမြို့ရှိ အထူးတိုက်ရိုက်လွှင့်ရာနေရာတွင်ပင် အိုလံပစ်ပြိုင်ပွဲများကို ရုပ်ထွက်ကောင်းမွန်သော ပုံရိပ်များဖြင့် ပြသပေးခဲ့သည်။ Panasonic အိုလံပစ် အထူးဝဘ်ဆိုက်

      Related Category
      (ဥမင်လှိုဏ်ခေါင်းလမ်းတွင်တပ်ဆင်သော လေဝင်လေထွက်စနစ်) သုံး ဂျက်ပန်ကာသည် လုပ်ငန်းသို့ ဝင်ရောက်ခြင်း

      1964

      (ဥမင်လှိုဏ်ခေါင်းလမ်းတွင်တပ်ဆင်သော လေဝင်လေထွက်စနစ်) သုံး ဂျက်ပန်ကာသည် လုပ်ငန်းသို့ ဝင်ရောက်ခြင်း

      ဥမင်လှိုဏ်ခေါင်း အဝေးပြေးလမ်းမများတွင် လေဝင်လေထွက် ကောင်းမွန်စေရန် ဂျက်ပန်ကာများကို အသုံးပြုခဲ့သည်။ Panasonic သည် ယင်းပန်ကာများကို 1964 ခုနှစ်တွင် စတင်တီထွင်ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုကို ဖြည်းဖြည်းမှန်မှန် တိုးတက်စေခဲ့သည်။ 1996 ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီသည် ဂျက်ပန်ကာ စုစုပေါင်း 1,000 ကို ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းပန်ကာများကို လက်ရှိအချိန်တွင် ဂျပန်နိုင်ငံရှိ နေရာပေါင်း 150 တွင် တပ်ဆင်ထားပြီး ထိပ်တန်းအဆင့် ပြည်တွင်းဈေးကွက်ဝေစုကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ ပထမဆုံး ပြည်ပဥမင်လှိုဏ်ခေါင်း လေဝင်လေထွက်စနစ်တပ်ဆင်ရေး စီမံကိန်းအဖြစ် 2005 ခုနှစ် ဇွန်လတွင် "မြင့်မားသော ရေဒီယိုလှိုင်းခွင်ရှိသည့် ဥမင်လှိုဏ်ခေါင်း" ကို ဆောက်လုပ်ပြီးစီးခဲ့သည်။

      Related Category
      National Gobel ကို တည်ထောင်ခြင်း

      1970

      National Gobel ကို တည်ထောင်ခြင်း

      1970 ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရက ဖက်စပ်ကုမ္ပဏီများကို တည်ထောင်ခွင့်ပေးလိုက်သည့်အချိန်တွင် ဂျပန် ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများစွာသည် တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ အဆိုပါကာလအတွင်း Panasonic သည် ပြည်ပဈေးကွက် ချဲ့ထွင်ခြင်းဆိုင်ရာ ၎င်း၏စည်းမျဉ်းနှင့်အညီ "အိမ်ရှင်နိုင်ငံကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးမည့် ကုမ္ပဏီတစ်ခု" မိမိကိုယ်ကိုယ်အဖြစ် ပုံဖော်ခဲ့သည်။ Panasonic သည် မစ္စတာ ဂိုဘယ်ကို အကျိုးတူပူးပေါင်းမည့် လုပ်ငန်းမိတ်ဖက်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ သူသည် Panasonic နှင့် နှစ်ပေါင်း 10 နှစ်ကျော်ကြာ လုပ်ငန်းဆက်နွှယ်မှုရှိထားသော အင်ဒိုနီးရှားလူမျိုးတစ်ဦးဖြစ်သည်။ ဤနည်းအားဖြင့် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော National Gobel ကို တည်ထောင်ခဲ့သည်။

      Related Category
      Matsushita Electronic Components (မလေးရှား) နှင့် Matsushita Industrial Corporation တို့ကို တည်ထောင်ခြင်း

      1972

      Matsushita Electronic Components (မလေးရှား) နှင့် Matsushita Industrial Corporation တို့ကို တည်ထောင်ခြင်း

      မလေးရှားနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် တန်အဗ္ဗဒူ ရာဇက်၏ စက်မှုလုပ်ငန်းသုံး အစိတ်အပိုင်းပစ္စည်းများကို တင်ပို့ရန် တောင်းဆိုမှုကြောင့် Matsushita Industrial Corporation (လေအေးပေးစက် တင်ပို့ရောင်းချသည့် လုပ်ငန်း) နှင့် the Matsushita Electronic Components (အီလက်ထရောနစ် အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ) ကို မလေးရှားနိုင်ငံတွင် တည်ထောင်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် 1973 ခုနှစ်တွင် ပြုလုပ်သော ကုမ္ပဏီ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး တည်ထောင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။

      Related Category
      Matsushita Gobel Battery Indonesia ကို တည်ထောင်ခြင်း

      1999

      Matsushita Gobel Battery Indonesia ကို တည်ထောင်ခြင်း

      Matsushita Gobel Battery Indonesia ကို တည်ထောင်ရန် Matsushita Gobel Battery Industry နှင့် Panasonic Battery Indonesia တို့ကို ပေါင်းစည်းခဲ့သည်။

      Related Category
      Panasonic Denko/Gobel Indonesia သည် မီးခလုတ်များ၊ ပလတ်ပေါက်များကဲ့သို့သော လျှပ်စစ်ပစ္စည်းများ တင်ပို့ရောင်းချမှု စုစုပေါင်း အရေအတွက် သန်း 100 အထိ ရောက်ရှိခြင်း

      2010

      Panasonic Denko/Gobel Indonesia သည် မီးခလုတ်များ၊ ပလတ်ပေါက်များကဲ့သို့သော လျှပ်စစ်ပစ္စည်းများ တင်ပို့ရောင်းချမှု စုစုပေါင်း အရေအတွက် သန်း 100 အထိ ရောက်ရှိခြင်း

      Panasonic မီးခလုတ်၊ ပလတ်ပေါက်နှင့် မိန်းများ အစရှိသည့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံသည် 1994 ခုနှစ်တွင် ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် လျှပ်စစ်ပစ္စည်း အမျိုးအစားပေါင်း 378 ခုကို ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းဈေးကွက်သို့ ပစ္စည်းပေါင်း သန်း 100 ကို တင်ပို့ရောင်းချခဲ့သည်။

      Related Category
      Asia Matsushita Electric အား ဒေသဆိုင်ရာရုံးချုပ်အဖြစ် စတင်ဖွင့်လှစ်ခြင်း

      2001

      Asia Matsushita Electric အား ဒေသဆိုင်ရာရုံးချုပ်အဖြစ် စတင်ဖွင့်လှစ်ခြင်း

      Asia Matsushita Electric ကို ဒေသဆိုင်ရာရုံးချုပ်အဖြစ် ပြောင်းလဲပြီးနောက် Panasonic Asia Pacific ကို စတင်မှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

      Related Category
      Panasonic Vietnam ကို တည်ထောင်ခြင်း

      2005

      Panasonic Vietnam ကို တည်ထောင်ခြင်း

      Matsushita Electric Vietnam နှင့် Matsushita Home Appliances Vietnam အား ရုပ်သံပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများအသီးသီးထုတ်လုပ်ရန် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 2005 ခုနှစ်တွင် ဗီယက်နက်အစိုးရက 100% အပြည့် နိုင်ငံခြားသားပိုင် ဦးပိုင်လုပ်ငန်းအဖြစ် အတည်ပြုပေးခဲ့ပါသည်။ ထို့ကြောင့် Panasonic Vietnam အား ပေါင်းစည်းထားသော ဦးပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။

      Related Category
      Panasonic Risupia Vietnam ကို တည်ထောင်ခြင်း

      2010

      Panasonic Risupia Vietnam ကို တည်ထောင်ခြင်း

      Panasonic Risupia Vietnam ကို ဟနွိုင်းမြို့တွင် ဖွင့်လှစ်ခဲ့ပြီး ဂျပန်နိုင်ငံတွင်တည်ထောင်ခဲ့သော ပထမဆုံးစက်ရုံပြီးလျှင် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဒုတိယမြောက် တည်ထောင်ခဲ့သော စက်ရုံဖြစ်ခဲ့ပါသည်။ ၎င်းသည် သိပ္ပံပညာရပ်နှင့် သင်္ချာသာသာရပ်အပေါ်အခြေခံထားသော အပြန်အလှန်ချိတ်ဆက်လေ့လာရာဌာနတစ်ခုဖြစ်ခဲ့ပြီး ဗီယက်နမ် ကလေးသူငယ်များအား အဆိုပါဘာသာရပ်များတွင် စိတ်ဝင်တစားရှိလာအောင် ကူညီပေးရန် ရည်ရွယ်ခဲ့ပါသည်။ Risupia ဌာန၏ ဘေးတွင် Panasonic ၏ အဆင့်မြင့်နည်းပညာများကို ပြသထားသော ပြခန်း တည်ရှိသည်။

      Related Category
      နိုင်ငံခြားရုံးချုပ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို Matsushita Electric Trading သို့ ပြောင်းလဲခြင်း

      1984

      နိုင်ငံခြားရုံးချုပ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို Matsushita Electric Trading သို့ ပြောင်းလဲခြင်း

      နိုင်ငံခြားရုံးချုပ်များအား Matushita Electric Trading အဖြစ်ပြောင်းလဲခဲ့ပြီး မြောက်အမေရိကရုံးချုပ်၊ လက်တင်အမေရိကရုံးချုပ်၊ ဥရောပရုံးချုပ်၊ အာရှနှင့်သမုဒ္ဒရာပိုင်းဒေသရုံးချုပ်နှင့် အရှေ့အလယ်ပိုင်းနှင့်အာဖရိကရုံးချုပ်အဖြစ် ဒေသ 5 ခုခွဲခဲ့ပါသည်။

      Related Category
      အင်ဒိုနီးရှားနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ပြီး Diet အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာဂိုဘယ်သည် တည်ထောင်သူ ကိုနိုဆူကီ မတ်ဆုရှိတနှင့် လာရောက်တွေ့ဆုံခြင်း

      1957

      အင်ဒိုနီးရှားနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ပြီး Diet အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာဂိုဘယ်သည် တည်ထောင်သူ ကိုနိုဆူကီ မတ်ဆုရှိတနှင့် လာရောက်တွေ့ဆုံခြင်း

      ရေဒီယိုများပျံ့နှံ့မှုသည် အင်ဒိုနီးရှားနိုင်ငံအားပြန်လည်ပေါင်းစည်းရေးအတွက် အရေးပါသောဆောင်ရွက်ချက်ဖြစ်သည်ဟု ယုံကြည်သော အင်ဒိုနီးရှားသမ္မတ ဆုကာနိုသည် ဂျပန်နိုင်ငံမှ ရေဒီယိုအစိတ်အပိုင်းများရယူရန်အတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သူ မစ္စတာ မိုဟာမက် ဂိုဘယ်ပါဝင်သောအဖွဲ့တစ်ဖွဲ့ကို ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ ယခင်ကတည်းက အင်ဒိုနီးရှားနိုင်ငံအကျိုးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော မစ္စတာဂိုဘယ်သည် ကိုနိုဆူကီနှင့်တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံ၏ အနာဂတ်အလားအလာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လွတ်လပ်ရေးအကြောင်းအရာများနှင့်ပတ်သက်သည့် သူ၏အမြင်များကို ဝေမျှခွင့် ရရှိခဲ့ပါသည်။ အဆိုပါကဏ္ဍရပ်များအတွက် သူ၏မြှုပ်နှံဆောင်ရွက်မှုများကို ပြသခဲ့ပါသည်။ အပြန်အလှန်ပြောဆိုပြီးသည့်နောက်တွင် Konosuke သည် မစ္စတာ ဂိုဘယ်၏ ကုမ္ပဏီနှင့်အတူ အသေးစားလုပ်ငန်းဆောင်ရွက်ရန် လက်ခံခဲ့ပါသည်။ 1960 ခုနှစ်တွင် Panasonic သည် မစ္စတာ ဂိုဘယ်၏ ကုမ္ပဏီနှင့် နည်းပညာဆိုင်ရာပံ့ပိုးမှုနှင့်ပတ်သက်သည့် စာချုပ်တစ်ခုကိုချုပ်ဆိုနိုင်ခဲ့ပြီး ၎င်းသည် နောက်ပိုင်းမှာတည်ထောင်မည့် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်အောင် အစပျိုးပေးနိုင်ခဲ့ပါသည်။

      Related Category
      ပထမဆုံး ဂျပန်-ဖိလစ်ပိုင် ပူးပေါင်းလုပ်ငန်းအဖြစ် အရင်းအနှီး မျှဝေသည့် လုပ်ငန်းသို့ ဝင်ရောက်ခြင်း

      1967

      ပထမဆုံး ဂျပန်-ဖိလစ်ပိုင် ပူးပေါင်းလုပ်ငန်းအဖြစ် အရင်းအနှီး မျှဝေသည့် လုပ်ငန်းသို့ ဝင်ရောက်ခြင်း

      1967 ခုနှစ်တွင် Panasonic သည် Precision Electronics Corporation (PEC, ယခု Panasonic Manufacturing Philippines) အပါအဝင် ဖိလစ်ပိုင်နိုင်ငံရှိ ပြည်တွင်းလုပ်ငန်းလေးခုထံမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေနေခဲ့ပါသည်။ ဒုတိယဥက္ကဌဖြစ်သူ အေရာတာရို တာကာဟာရှိသည် ကုမ္ပဏီတစ်ခုချင်းစီ၏ အလားအလာကို အကဲဖြတ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် PEC နှင့် ဖက်စပ်လုပ်ကိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ထိုအတွက်ကြောင့် တီဗွီများနှင့် စတူဒီယိုသုံးပစ္စည်းများထုတ်လုပ်မှု စတင်ခဲ့ပါသည်။ အရည်အသွေးပိုင်းနှင့် ဘဏ္ဍရေးပိုင်းတွင် သိသိသာသာတိုးတက်လာပြီးနောက် ဖက်စပ်လုပ်ငန်းစတင်ပြီး နှစ်နှစ်အကြာတွင် လုပ်ငန်းသည် တည်ငြိမ်သည့် လုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိခဲ့ပါသည်။

      Related Category
      Matsushita Radio Singapore အပါအဝင် အထူးပြု ပို့ကုန်လုပ်ငန်း စက်ရုံသုံးရုံကို တည်ထောင်ခြင်း

      1977

      Matsushita Radio Singapore အပါအဝင် အထူးပြု ပို့ကုန်လုပ်ငန်း စက်ရုံသုံးရုံကို တည်ထောင်ခြင်း

      Panasonic သည် အထူး ပို့ကုန်လုပ်ငန်း စက်ရုံ 3ရုံကို တည်ထောင်ခဲ့ပါသည်- Matsushita Radio Singapore သည် အသံပိုင်းဆိုင်ရာပစ္စည်းများထုတ်လုပ်ရန်ဖြစ်ပြီး Matsushita Precision Motor Singapore မှာ AV နှင့် OA မော်တာများထုတ်ရန်ဖြစ်ကာ Matsushita Electronic Components Singapore သည် အီလက်ထရောနစ်ပစ္စည်းများ ထုတ်ရန်ဖြစ်သည်။

      Related Category
      Matsushita Technical Center Singapore ကို တည်ထောင်ခြင်း

      1978

      Matsushita Technical Center Singapore ကို တည်ထောင်ခြင်း

      စင်္ကာပူအစိုးရ၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် Panasonic သည် ဂျပန်နိုင်ငံမှ ထုတ်လုပ်မှုနည်းပညာများကို စင်္ကာပူနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန် Matsushita Technical Center Singapore ကို တည်ထောင်ခဲ့ပါသည်။

      Related Category
      Matsushita Air-Conditioning သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာကို တည်ထောင်ခြင်း

      1991

      Matsushita Air-Conditioning သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာကို တည်ထောင်ခြင်း

      လေအေးပေးစက်များနှင့်ပတ်သက်ပြီး R&D (သုတေသနနှင့် ဖွံ့ဖြိုးရေး) လုပ်ငန်းများဆောင်ရွက်နိုင်ရန်1991 ခုနှစ်တွင် Matsushita Air-Conditioning R&D Center Malaysia ကို တည်ထောင်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် ပြည်တွင်းရာသီဥတုနှင့် ဘဝနေထိုင်မှုပုံစံများနှင့်အညီ ကွန်ပရက်ဆာများနှင့် ထုတ်ကုန်များကို ဖန်တီးရန်အတွက် 1997 ခုနှစ်တွင် Matsushita Compressor & Motor R&D Center ကို တည်ထောင်ခဲ့သည်။ ၎င်းသည် ကုမ္ပဏီ၏ အထူးခြားဆုံးသောအောင်မြင်မှု မှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။

      Related Category
      မနီလာမြို့ ကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်ခြင်း

      1935

      မနီလာမြို့ ကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်ခြင်း

      ပို့ကုန်ပစ္စည်းများကို အရောင်းမြှင့်တင်နိုင်ခဲ့သလို တစ်ဆက်တည်းမှာပင် နိုင်ငံခြားအရောင်းအခြေစိုက်ဌာနများ တည်ဆောက်မှုကိုလည်း တိုးချဲ့နိုင်ခဲ့ပါသည်။ မနီလာမြို့တွင် အဆောက်အဦးအသစ်များ၊ ရုံးခွဲတစ်ခုနှင့် ကိုယ်စားလှယ်ရုံးခန်းတစ်ခု ရှိနေပြီ ဖြစ်ပါသည်။ 1937 ခုနှစ်တွင် နိုင်ငံခြားအခြေစိုက်ဌာနခြောက်ခု ဖွင့်လှစ်ခဲ့ပြီး ကုန်ပစ္စည်းများအတွက် ဈေးကွက်ဖော်ဆောင်ပေးရန် စတင်ဆောင်ရွက်ခဲ့ပါသည်။

      Related Category
      နိုင်ငံတစ်ခုချင်းစီအတွက် သီးသန့်လုပ်ငန်းလည်ပတ်ရေးစနစ်များကို တည်ဆောက်ခြင်း

      1951

      နိုင်ငံတစ်ခုချင်းစီအတွက် သီးသန့်လုပ်ငန်းလည်ပတ်ရေးစနစ်များကို တည်ဆောက်ခြင်း

      Panasonic သည် ပြည်တွင်း (ဂျပန်ဈေးကွက်) တွင် စတင်လည်ပတ်ရင်းဖြင့် ဆည်းပူးရရှိခဲ့သည့် ကုမ္ပဏီ၏ အရောင်းလုပ်ငန်းဆောင်ရွက်ချက်၊ ပစ္စည်းဖြန့်ဖြူးစနစ်နှင့် ဈေးကွက်ချဲ့ထွင်ရေးဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင်အာရှဈေးကွက်အတွင်းတွင်လည်း ၎င်းနည်းလမ်းများကိုပင် ဆက်လက်အသုံးပြုခဲ့ပါသည်။ အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတစ်ခုချင်းစီအတွက် သီးသန့်လုပ်ငန်းလည်ပတ်ရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။

      Related Category
      နေစွမ်းအင်သုံး လက်ဆွဲမီးအိမ် 1 သိန်း လှူဒါန်းရေးစီမံကိန်းကို စတင်ခြင်း

      2013

      နေစွမ်းအင်သုံး လက်ဆွဲမီးအိမ် 1 သိန်း လှူဒါန်းရေးစီမံကိန်းကို စတင်ခြင်း

      ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူမှုဘဝတိုးတက်ရေးကို အထောက်အကူပြုစေရန်အတွက် Panasonic ကုမ္ပဏီစတင်တည်ထောင်မှု နှစ်တစ်ရာပြည့် အထိန်းအမှတ်အမှတ်အဖြစ် 2018 ခုနှစ်တွင် နေစွမ်းအင်သုံး လက်ဆွဲမီးအိမ် အလုံးပေါင်း 100,000 လှူဒါန်းသော စီမံကိန်းကို စတင်ခဲ့ပါသည်။ လက်ဆွဲမီးအိမ်များကို အဓိကအားဖြင့် အာရှနှင့်အာဖရိကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံ 30 ခန့်ရှိ လျှပ်စစ်မီးမရသေးသူများအား အဓိကလှူဒါန်းခဲ့ပါသည်။ ဥပမာအားဖြင့် ညအချိန်များတွင် စာလေ့လာရန်နှင့် ဆေးဝါးကုသမှုခံယူရန်အတွက် လက်ဆွဲမီးအိမ်များကို အသုံးပြုကြပါသည်။Panasonic လက်စွဲမီးအိမ် 1 သိန်း စီမံကိန်း

      Related Category
      ပထမဆုံး မိုးလုံလေလုံအသီးအရွက်စိုက်ခင်းကို စင်္ကာပူနိုင်ငံတွင် စတင်ခဲ့ခြင်း

      2013

      ပထမဆုံး မိုးလုံလေလုံအသီးအရွက်စိုက်ခင်းကို စင်္ကာပူနိုင်ငံတွင် စတင်ခဲ့ခြင်း

      ပထမဆုံး မိုးလုံလေလုံအသီးအရွက်စိုက်ခင်းကို စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့ပြီးနောက် စင်္ကာပူနိုင်ငံဆိုင်ရာ စိုက်ပျိုးမွေးမြူရေးအာဏာပိုင်ဌာနထံမှ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ အသီးအနှံများကို (အပူချိန်၊ စိုထိုင်းမှု၊ CO2) တို့ကို ထိန်းချုပ်ထားသောပတ်ဝန်းကျင်တွင် စိုက်ပျိုးပြီး အလင်းရောင်အတုပေးခြင်းကဲ့သို့သော နည်းပညာများကို အသုံးပြုထားပါသည်။ ဒေသတွင်းရိတ်သိမ်းထားသော အသီးအနှံများသည် အရည်အသွေးမြင့်များပြီး ပိုးမွှားကင်းသောကြောင့် ကုမ္ပဏီသည် 2021 ခုနှစ် မတ်လတွင် ဒေသတွင်းထုတ်လုပ်မှုမှ ခန့်မှန်းခြေ 5%ခန့် ရရှိပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားပါသည်။[Topics] Panasonic မိုးလုံလေလုံစိုက်ခင်းသည် စိုက်ခင်းမှသည် စားပွဲပေါ်သို့ဟူသော အတွေ့အကြုံကို ရရှိစေသည့် အခွင့်အရေးများစွာကို ပေးစွမ်းသည် (2015 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်)

      Related Category
      အအေးပေး ကွန်ပရက်ဆာ လုပ်ငန်းဌာနကို ဂျပန်နိုင်ငံမှ စင်္ကာပူနိုင်ငံသို့ ပြောင်းရွှေ့ခြင်း

      2017

      အအေးပေး ကွန်ပရက်ဆာ လုပ်ငန်းဌာနကို ဂျပန်နိုင်ငံမှ စင်္ကာပူနိုင်ငံသို့ ပြောင်းရွှေ့ခြင်း

      အအေးပေး ကွန်ပရက်ဆာ လုပ်ငန်းဌာန (RCBU) ၏ ဌာနစိတ်(HQ) တစ်ခုကို ဂျပန်နိုင်ငံမှ စင်္ကာပူနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါပြောင်းရွှေ့မှုသည် RCBU ကို ဈေးကွက်နှင့် ပိုမိုနီးစပ်စေခဲ့ပြီး အာဆီယံဒေသတွင်းရှိ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီရန်အတွက် အကျိုးရှိပြီး စရိတ်သက်သာစေခဲ့ကာ စီမံခန့်ခွဲသူများကိုလည်း မြန်ဆန်စွာ ဆုံးဖြတ်ချက် ချမှတ်နိုင်စေခဲ့သည်။

      Related Category
      မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် 10 နှစ်သက်တမ်း စာချုပ် လက်မှတ်ရေးထိုးခြင်း

      1962

      မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် 10 နှစ်သက်တမ်း စာချုပ် လက်မှတ်ရေးထိုးခြင်း

      မြန်မာနိုင်ငံသားတို့၏ ဘဝနေထိုင်မှု တိုးတက်စေဖို့အတွက် မြန်မာနိုင်ငံမှကိုယ်စားလှယ်အဖွဲ့သည် ကိုနိုဆူကီ မတ်ဆုရှိတထံမှ အကူအညီရယူရန် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကိုနိုဆူကီ မတ်ဆုရှိတတို့သည် အိမ်သုံးပစ္စည်းများအတွက် အစိတ်အပိုင်းများအား ပံ့ပိုးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးရေး စာချုပ် (10 နှစ်သက်တမ်းရှိ) ကို လက်မှတ်ရေးထိုးခြင်းဖြင့် ‘မတ်ဆုရှိတ စီမံကိန်း’ အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

      Related Category
      Panasonic ထုတ်ကုန်များကို နယူးဇီလန်ဈေးကွက်တွင် စတင်မိတ်ဆက်ခြင်း

      1971

      Panasonic ထုတ်ကုန်များကို နယူးဇီလန်ဈေးကွက်တွင် စတင်မိတ်ဆက်ခြင်း

      1971 ခုနှစ်တွင် ကုမ္ပဏီနှင့် Fisher & Paykel လုပ်ငန်းကြား အရောင်းသဘောတူညီမှုပြုလုပ်ပြီးနောက်ပိုင်း National နှင့် Panasonic လျှပ်စစ်ထုတ်ကုန်များကို နယူးဇီလန်ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်ခဲ့သည်။

      Related Category
      ကမ္ဘောဒီးယားနိုင်ငံတွင် ဌာနခွဲဖွင့်လှစ်ခြင်း

      2011

      ကမ္ဘောဒီးယားနိုင်ငံတွင် ဌာနခွဲဖွင့်လှစ်ခြင်း

      Panasonic ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးခွဲကို ဖနွမ်းပင်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် သင့်လျော်သည်ဟု အပြုသဘောဆောင်သော ထင်မြင်ချက်များ ရရှိထားသည့် အလွန်အလားအလာကောင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံထားရပါသည်။

      Related Category
      Panasonic Solution နှင့် Innovation Center Vietnam ကို တည်ထောင်ခြင်း

      2016

      Panasonic Solution နှင့် Innovation Center Vietnam ကို တည်ထောင်ခြင်း

      အရှေ့တောင်အာရှဒေသရှိ ကုန်ပစ္စည်းထုတ်လုပ်ရေး နည်းပညာပြခန်းဖြစ်သော Panasonic Solution & Innovation Center Vietnam တွင် အလွန်စွမ်းအင်သက်သာသော ထုတ်လုပ်မှုနည်းပညာများနှင့် စက်ကိရိယာများကို ပြသရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။ Innovation Center တွင် Panasonic ၏ နောက်ဆုံးပေါ် ချစ်ပ်ပြားတပ်ဆင်စက်နှင့် ဂဟေဆော်စက်များသာမက ပစ္စည်းတင်စက်များနှင့် ကုန်ပစ္စည်းစစ်ဆေးစက်များအပါအဝင် အခြားသောမိတ်ဖက်အဖွဲ့အစည်းများမှ အရန်ပစ္စည်းများကိုပါ ပြသထားသည်။ ထိုသို့သောပေါင်းစည်းမှုသည် ကွန်ရက်တွဲဖက်အသုံးပြုနိုင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အပြန်အလှန်ချိတ်ဆောင်ရွက်မှုတို့၏ အရေးပါမှုကို မီးမောင်းထိုးပြနေပြီး Industry 4.0 နှင့် IoT အသုံးပြုနိုင်သော ထုတ်ကုန်ပစ္စည်းများ၏ အောင်မြင်မှုအား ထောက်ပံ့ပေးနေပါသည်။

      Related Category
      Panasonic New Zealand ကို တည်ထောင်ခြင်း

      1998

      Panasonic New Zealand ကို တည်ထောင်ခြင်း

      Panasonic New Zealand ကို 1998 ခုနှစ်တွင် တရားဝင်တည်ထောင်ခဲ့သည်။ ယနေ့အချိန်ထိ ခရစ်ချာ့ခ်ျ၊ ဝယ်လင်တန်နှင့် အောကလန်းမြို့ရှိ ရုံးချုပ်များတွင် ဝန်ထမ်းပေါင်း 115 ဦးထိရှိနေပြီး နယူးဇီလန်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

      Related Category